31 October 2026
✨ Htoo Zoos & Gardens Business Unit မှကြီးမှူး၍ မြန်မာ့သဘင်အနုပညာရဲ့ ဂန္တဝင်ညများကို အမျိုးသားအထိမ်းအမှတ်ဥယျာဥ်(ပြင်ဦးလွင်)မှာ ကပြဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်ရှင် 💚🌟
မြန်မာ့သဘင်လောကရဲ့ ဂန္ထဝင်မင်းသားကြီးများနဲ့ မျိုးဆက်သစ် သဘင်ဂီတအနုပညာရှင်များရဲ့ ခမ်းနားလှပတဲ့ ကပြဖျော်ဖြေမှုတွေကို တစ်နေရာတည်းမှာ ခံစားကြည့်ရှုနိုင်မယ့် “မြန်မာ့သဘင် ကြီး ၄ ကြီး ဖျော်ဖြေပွဲကြီး” လာပါပြီ🎶💃🏻
🌟 ပါဝင်ကပြဖျော်ဖြေမည့် အနုပညာရှင်ကြီးများမှာ
နန်းကြီး (ခ) နန်းဝင်း (နန်းသဘင်)၊ချမ်းကြီး (ခ) ချမ်းသာ( ရွှေမန်းချမ်းသာ)၊မိုးကြီး (ခ) မိုးဝင်း (စံပြသဘင်)၊ဇော်ကြီး (ခ) သိန်းဇော် (ဇာတ်မင်းသားလေး သိန်းဇော်)၊ တင်မောင်ဆန်းမင်းဝင်း(ရွှေမန်းသဘင်)
✨ မင်းသမီးကြီး နန်းခင်မွှေးနှင့်မျိုးဆက်သစ် သဘင်ဂီတအနုပညာရှင်များစွာပါဝင်မှာဖြစ်ပါတယ်🎶
📍 ကျင်းပမည့်နေရာ
အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (ပြင်ဦးလွင်)၊ ပြည်ထောင်စုရင်ပြင်စင်မြင့်
📅 ရက်စွဲ — ၃၁.၁၀.၂၀၂၆ မှ ၁.၁၁.၂၀၂၆ အထိ (၂) ရက်တိုင်တိုင်
🕗 အချိန် — ည ၈:၀၀ နာရီမှ စတင်ဖျော်ဖြေမည်။
🎟️လက်မှတ်ဈေးနှုန်းများ (တစ်ရက်စာ)
A Zone — ၁၅၀,၀၀၀ ကျပ်
B Zone — ၁၀၀,၀၀၀ ကျပ်
C Zone — ၇၀,၀၀၀ ကျပ်
📲 AYA Pay မှ လက်မှတ်ဝယ်ယူနိုင်မည့်ရက်
🗓️ ၂၅.၁၀.၂၀၂၆ မှ ၃၀.၁၀.၂၀၂၆ ည ၁၂:၀၀ နာရီအထိ ဝယ်ယူနိုင်ပါပြီ။
🎫 လက်မှတ်ဝယ်ယူနိုင်မည့်နေရာ
၃၁.၁၀.၂၀၂၆ ရက်နေ့မှစ၍ ပြင်ဦးလွင်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်နှင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တို့တွင်လည်း ဝယ်ယူနိုင်ပါတယ်ရှင်
💚 မြန်မာ့ရိုးရာသဘင်အနုပညာရဲ့ အလှအပ၊ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကပြဖျော်ဖြေမှုတွေနဲ့အတူ မမေ့နိုင်တဲ့ ညချမ်းလေးကို ဖန်တီးလိုက်ကြရအောင်နော်။ ✨
လက်မှတ်လေးတွေ ကြိုတင်ဝယ်ယူပြီး မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ လာရောက်အားပေးဖို့ မမေ့နဲ့ဦးနော်! 🎭❤️
#မြန်မာ့သဘင်ကြီး၄ကြီး #ပြင်ဦးလွင် #အမျိုးသားအထိမ်းအမှတ်ဥယျာဉ် #HtooZoosAndGardens #MyanmarTraditionalPerformingArts
ဤအသိပေးချက်နှင့်ပတ်သက်၍ သိရှိလိုသည်များရှိပါက အမျိုးသားအထိမ်းအမှတ် ဥယျာဉ်သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဆက်သွယ်ရန်