စစ်ကိုင်းတိုင်းဒေသကြီးပြကွက်သည် ချင်းပြည်နယ်နှင့် ကချင်ပြည်နယ်ပြကွက်တို့ အနီးတွင်တည်ရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး၏ အထင်ကရ အထိမ်းအမှတ်များဖြစ်သော ကောင်းမှုတော်ဘုရားနှင့် စစ်ကိုင်းတောင်တို့၏ ပုံစံတူများကို ခမ်းနားစွာ ဆောက်လုပ်ပြသထားပါသည်။ ကောင်းမှုတော်ဘုရားပုံစံတူ အဆောက်အဦးကို ၁ : ၉ အချိုးဖြင့် ဆောက်လုပ်ထားပြီး စစ်ကိုင်းတောင်ပုံစံတူ အထိမ်းအမှတ်ကို ၁ : ၂၂ အချိုးဖြင့် ဆောက်လုပ်ထားပါသည်။
စစ်ကိုင်းတောင်
- မူလ ၁၃၇၃’ ပေ ၊ ဆောက်လုပ် ၆၀’ ပေ၊ အချိုး ၁ : ၂၂
ကောင်းမှုတော်ဘုရား
- မူလ ၁၈၈’ ပေ၊ ဆောက်လုပ် ၂၀.၅’ ပေ၊ အချိုး ၁ : ၉
Copyright 2018. All rights reserved.