News – National Landmark
  • News

Cherry Blossom Season

National Landmarks Garden's cherry blossom season famously begin in December and lasts of February. The garden was closed temporarily for due to the pandemic of COVID-19, but we wish to meet again with the cherry blossom season. Here are some of beautiful cherry blossoms visual images from around the garden.

Organic Farm

Organic farm is a fascinating place where seasonally plants different types of vegetables, fruits and flowering plants to study the organic farming process and able to buy and enjoy self-picked vegetables as well. So, please come and see when the garden reopens.

တန်ဆောင်မုန်းလပြည့်(သာမညဖလ အခါတော်) နေ့

ပျော်ရွှင်ချမ်းမြေ့သော တန်ဆောင်မုန်းလပြည့်(သာမညဖလ အခါတော်) နေ့လေးမှာ မြန်မာပြည်သူအပေါင်း ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများ နှင့်ပြည့်စုံပြီး ပျော်ရွှင်အေးချမ်းကြပါစေဟု အမျိုးသားအထိမ်းအမှတ်များဥယျာဉ်( ပြင်ဦးလွင်) မှ တောင်းဆုမေတ္တာ ပို့သလိုက်ရပါတယ်.....  

🇲🇲 အမျိုးသားနေ့ 🇲🇲

🇲🇲 အမျိုးသားနေ့ 🇲🇲    ယနေ့ ကျရောက်သော(၁၀၃) နှစ်မြောက် မြန်မာတို့၏ အမျိုးသားအောင်ပွဲနေ့အား ဂုဏ်ပြုကြိုဆိုရင်း အမျိုးသား အထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်) သို့ လာရောက် လည်ပတ်ရင်း အပန်းဖြေဖို့ ဖိတ်ခေါ်လိုက်ရပါတယ်……

🥳Happy New Year🎊

နှစ်ဟောင်းကုန်မြောက် နှစ်သစ်ရောက်သည့် နှစ်သစ်ကူးအခါသမယမှစ၍ မြန်မာ ပြည်သူပြည်သားတို့ အပေါင်းတို့ ဘေးဘယာဝေးကွာပြီး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများနှင့် ပြည့်စုံပြီး ကောင်းကျိုးလိုရာ ဆန္ဒများ ပြည့်ဝ ပါစေကြောင်း အမျိုးသားအထိမ်းအမှတ်ဥယျာဉ်(ပြင်ဦးလွင်) မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။🤗

🇲🇲 Myanmar Independence Day 🇲🇲

🇲🇲 Myanmar Independence Day 🇲🇲 ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုကြိုဆိုပါသည်။

🌸”ပင်လုံးပွင့်လန်း ချယ်ရီပန်း”🌸

🌸”ပင်လုံးပွင့်လန်း ချယ်ရီပန်း”🌸    ယခုကာလမှာ ပြင်ဦးလွင်မြို့ရှိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ထဲတွင် ချယ်ရီပန်းလေးတွေပွင့်လန်းဝေဆာနေပြီပဲဖြစ်ပါတယ်။ ဆာကူရာပန်းလို့လည်း သိကြတဲ့ ချယ်ရီပန်းလေးတွေဟာ တစ်ပင်လုံးပွင့်လန်းနေကြပြီး လေတိုက်တိုင်း ပွင့်ချပ်ကလေးတွေ လွင့်ပျံနေပုံက မြင်ရသူအပေါင်းကို မျက်စိပသာဒဖြစ်အောင် လှပလွန်းလှပါတယ်။ ချယ်ရီပန်းလေးတွေ အစွမ်းကုန်လှပစွာ ပွင့်လန်းနေပုံကို မျှဝေရင်း ချယ်ရီချစ်သူတွေအတွက် သတင်းကောင်းလေးပါးလိုက်ပါတယ်နော် 🤗🤗🤗

Happy Chinese New Year

🎊🐲Wish Everyone have happiness, prosperity and good health in this Year of Dragon....🐉🎉

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲

🇲🇲 ပြည်ထောင်စုနေ့ 🇲🇲    ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်သော (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

🌾တောင်သူလယ်သမားနေ့🌾

🌾တောင်သူလယ်သမားနေ့🌾   ၂၀၂၂ ခုနှစ်၊ မတ်လ (၂) ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့ဟာ ကျေးဇူးရှင် တောင်သူအားလုံးကို ဂုဏ်ယူအသိမှတ်ပြုတဲ့ နေ့ဖြစ်ပါတယ်။   တောင်သူများအားလုံး ကျန်းမာရွှင်လန်းကြစေဖို့ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်မှ ဂုဏ်ပြုဆုတောင်းလိုက်ပါတယ်။

မြန်မာ့နှစ်ကူး အချိန်အခါသမယ

🙏🙏🙏 မြန်မာနှစ်သစ်ကူးအခါသမယမှာ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ချမ်းသာခြင်းများ နှင့်အတူ ကောင်းကျိုးလိုရာ ဆန္ဒများပြည့်ဝပါစေကြောင်း အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်) မိသားစုမှ မင်္ဂလာနှစ်သစ် ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ရှင်.....🙏🙏🙏

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို နှစ်စဉ်ဇွန်လ(၅)ရက်နေ့တွင် ကမ္ဘာနှင့်အဝှမ်း ပြုလုပ်ကျင်းပလေ့ရှိပါတယ်။ ယခုနှစ်တွင်လည်း ဆော်ဒီအာရေဗီယျ နိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပပြီး “Our Land, Our Future” ဟူသောဆောင်ပုဒ် နှင့် အညီ မြေဆီလွှာထိန်းသိမ်းခြင်း၊ မြေယာများပြုပြင်ခြင်းနှင့် သဲကန္တရနှင့်မိုးခေါင်ရေရှားမှု ဖြစ်ပေါ်မူများကို ကာကွယ်ထိန်းသိမ်းခြင်း အရေးကိစ္စများကို ဦးစားပေးဆွေနွေးကြ မည်ဖြစ်ပါသည်။ အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်)အနေဖြင့်လည်း သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးလျှက် ဒေသမျိုးရင်းသစ်ပင်များကို စိုက်ပျိုးခြင်း၊ Organic Farm များတည်ထောင်ထားရှိခြင်း အစရှိသော ရေရှည်တည်တံ့သောသဘာဝပါတ်ဝန်းကျင်ဖြစ်ပေါ်လာရေး အတွက် တဖက်တလမ်းမှဆောင်ရွက်လျှက် ရှိသည်များကို အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်)သို့လာရောက်လည်ပါတ် အပန်းဖြေရင်း လေ့လာနိုင်ဖို့ဖိတ်ခေါ်ပါစေရှင်။

🪔🪔 သီတင်းကျွတ် ဆုမွန်ကောင်း 🪔🪔

🪔🪔 သီတင်းကျွတ် ဆုမွန်ကောင်း 🪔🪔   (၁၇.၁၀.၂၀၂၄) နေ့ကတော့ ဗုဒ္ဓဘာသာဝင်တွေ အထူးအမြတ်အလေးထားရာ သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာ အခါတော်နေ့) လေးဖြစ်ပါတယ်ရှင်..... မင်္ဂလာရှိသော နေ့ထူးနေ့မြတ်လေးမှာ အမျိုးသားအထိမ်းအမှတ်များဥယျာဉ် (ပြင်ဦးလွင်) သို့ လာရောက် လည်ပါတ်ကြသော ဧည့်သည် အပေါင်း စိတ္တသုခ ကာယသုခ ပြည့်စုံပြီး ဂုဏ်ကျက်သရေ ထွန်း‌တောက် ကောင်းမှု မင်္ဂလာရောက်ပါစေ....ဘေးဘယာ ဝေးကွာ၍ စီးပွား ဥစ္စာများ ဒီရေအလား ကြီးပွားတိုးတက်ကြပါစေကြောင်း အမျိုးသားအထိမ်းအမှတ်များဥယျာဉ် (ပြင်ဦးလွင်) မိသားစု မှ ဆုတောင်းမင်္ဂလာပြုလိုက်ပါတယ်ရှင် 🧡🙏   #fullmoondayofThidingyut #NationalLandmarksGarden #PyinOoLwin #သီတင်းကျွတ်လပြည့်

🎄✨ Merry Christmas ✨🎄

🎄✨ Merry Christmas ✨🎄   Wishing you a season of peace, joy, and natural beauty. Thank you for celebrating life’s moments with us—we look forward to more memories in the coming year!   Warm regards, National Landmarks Gardens   #NationalLandmarksGarden #Myanmar #PyinOoLwin #Christmas2024 #Travel

🎊🎊🎊 ကရင်နှစ်သစ်ကူးနေ့ 🎊🎊🎊

🎊🎊🎊 ကရင်နှစ်သစ်ကူးနေ့ 🎊🎊🎊   ဒီဇင်ဘာလ (၃၀)ရက် ၂၀၂၄ ခုနှစ်တွင် ကျရောက်သော ကရင်သက္ကရာဇ် (၂၇၆၄)ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့တွင် ကရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေကြောင်း အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်) မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။   အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်)တွင်လည်း ကရင်ပြည်နယ်၏ အထင်ကရဖြစ်သော ဇွဲကပင်တောင်ကို (၁း၁၈၀) စကေးဖြင့်ပုံစံတူပြုလုပ်ထားရှိပါသည်။ ထို့ပြင် ပြည်နယ်နှင့်တိုင်းအလိုက် ထူးခြားထင်ရှားသည့် အထင်ကရအလှများကို တစ်နေရာတည်းတွင် ပြည်ထောင်စုနယ် သဖွယ် ဆက်စပ်စုစည်းထားသည့်အပြင် ဥယျာဉ်အတွင်း ခရီးသွားဧည့်သည်များ အပန်းဖြေ အနားယူနိုင်ရင် သဘာဝအတိုင်း ထိန်းသိမ်းထားရှိသောကြောင့် အားလပ်ရက်များတွင် ချစ်ခင်ရသူများ နှင့် လာရောက်လည်ပါတ်ရင်း အပန်းဖြေအနားယူနိုင်ဖို့ အမျိုးသားအထိမ်းအမှတ်များဥယျာဉ် (ပြင်ဦးလွင်)မှ ဖိတ်ခေါ်လိုက်ရပါတယ်။   #NationalLandmarksGarden #PyinOoLwin #Myanmar #KarenNewYear #MountZwegabin

🎉🌸🌸 Happy New Year 2025 🌸🌸🎉

🎉🌸🌸 Happy New Year 2025 🌸🌸🎉 May the year ahead bloom with joy, peace, and prosperity. Thank you for supporting our journey—let's grow together in 2025! 🌿✨ #PyinOoLwin #NationalLandmarksGarden

🇲🇲 လွတ်လပ်ရေးအောင်ပွဲ ဒို့ဆင်နွှဲ 🇲🇲

🇲🇲 လွတ်လပ်ရေးအောင်ပွဲ ဒို့ဆင်နွှဲ 🇲🇲   ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တွင်ကျရောက်သော မြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက် နှစ်ပါတ်လည်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိအောင်ကြိုးပမ်းပေးခဲ့သောခေါင်းဆောင်များကို ဦးညွတ်အလေးပြုရင်း အမိမြန်မာနိုင်ငံတော်ကြီးနှင့် တကွ မြန်မာပြည်သူပြည်သားအပေါင်း အေးချမ်းသာယာ ကြီးပွားတိုးတက်ပါစေကြောင်း အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်) မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။   #NationalLandmarksGarden #PyinOoLwin #MyanmarIndependenceDay

Copyright 2018. All rights reserved.