ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ – National Landmark

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day)

ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ကို နှစ်စဉ်ဇွန်လ(၅)ရက်နေ့တွင် ကမ္ဘာနှင့်အဝှမ်း ပြုလုပ်ကျင်းပလေ့ရှိပါတယ်။ ယခုနှစ်တွင်လည်း ဆော်ဒီအာရေဗီယျ နိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပပြီး “Our Land, Our Future” ဟူသောဆောင်ပုဒ် နှင့် အညီ မြေဆီလွှာထိန်းသိမ်းခြင်း၊ မြေယာများပြုပြင်ခြင်းနှင့် သဲကန္တရနှင့်မိုးခေါင်ရေရှားမှု ဖြစ်ပေါ်မူများကို ကာကွယ်ထိန်းသိမ်းခြင်း အရေးကိစ္စများကို ဦးစားပေးဆွေနွေးကြ မည်ဖြစ်ပါသည်။

အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်)အနေဖြင့်လည်း သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးကို ဦးစားပေးလျှက် ဒေသမျိုးရင်းသစ်ပင်များကို စိုက်ပျိုးခြင်း၊ Organic Farm များတည်ထောင်ထားရှိခြင်း အစရှိသော ရေရှည်တည်တံ့သောသဘာဝပါတ်ဝန်းကျင်ဖြစ်ပေါ်လာရေး အတွက် တဖက်တလမ်းမှဆောင်ရွက်လျှက် ရှိသည်များကို အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်)သို့လာရောက်လည်ပါတ် အပန်းဖြေရင်း လေ့လာနိုင်ဖို့ဖိတ်ခေါ်ပါစေရှင်။

Copyright 2018. All rights reserved.