‘’ဝါဆိုလပြည့် ဓမ္မစကြာနေ့’’ ဝါဆိုလပြည့်နေ့ဟာဆိုရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုရဲ့ နေ့ထူးနေ့မြတ်တွေထဲကတစ်ရက်ဖြစ်ပါတယ် ၊ ဗုဒ္ဓဘုရားရှင် တရားထူးတရားမြတ်ဖြစ်တဲ့ ဓမ္မစကြာတရားတော်ကို ဦးဆုံးဟောပြောတဲ့နေ့လဲဖြစ်သလို ၊ ‘’သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို’’ ဆိုသလို ဘုရားလောင်း ပဋိသန္ဓေနေသောနေ့ ၊ တောထွက်တော်မူသောနေ့ ၊ ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ လဲဖြစ်ပါတယ် ၊ အစရှိတဲ့ ဝိသေသလက္ခာရပ် များကို အကြောင်းပြူ၍ ဗုဒ္ဓဘာသာဝင်များက ဝါဆိုလပြည့်နေ့မှာ ကျောင်းကန်ဘုရားသို သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအစရှိတဲ့ ကုသိုလ်ကောင်းမှုများကိုပြုလုပ်ဆင်နွှကြပါတယ်။ မြန်မာသက္ကရာဇ် (၁၃၈၇)ခုနှစ်၊ ဗုဒ္ဓဟူးနေ့တွင်ကျရောက်သော" ဝါဆိုလပြည့် ဓမ္မစကြာနေ့ ''၊ နေ့ထူးရက်မြတ်အခါသမယ တွင် ခုနှစ်ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာပါစေကြောင်း အမျိုးသား အထိမ်းအမှတ်များဥယျာဉ် (ပြင်ဦးလွင်) မှ တောင်းဆု မေတ္တာပိုသအပ်ပါသည်။ #fullmoondayofwarso #NationalLandmarksGarden
#PyinOoLwin
Copyright 2018. All rights reserved.