Map not available
Both
အမျိုးသားအထိမ်းအမှတ် ဥယျာဉ် အတွင်း လှည့်လည်ကြည့်ရှုပြီးနောက် စိတ်လက်အေးချမ်းစွာ အနားယူနိုင်မည့် Landmarks Café သည် စိမ်းလန်းသော သဘာဝရှုခင်းများနှင့်အတူ လတ်ဆတ်သော အော်ဂဲနစ်အစားအသောက်များ၊ မွှေးကြိုင်သော ကော်ဖီများနှင့် အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူနိုင်သော ကော်ဖီထုပ်များကို ပြည့်စုံစွာ ဝန်ဆောင်မှုပေးနေသော နေရာတစ်ခု ဖြစ်ပါသည်။
ပြင်ဦးလွင်မြို့ အမျိုးသားအထိမ်းအမှတ် ဥယျာဉ် သို့ ရောက်ရှိလည်ပတ်ကြသူများအတွက် Landmarks Café သည် ပင်ပန်းသမျှကို ဖြေဖျောက်ကာ စိတ်အေးချမ်းသာစွာ အနားယူနိုင်မည့် သီးသန့်အပန်းဖြေရိပ်သာတစ်ခု ဖြစ်ပါသည်။ တိတ်ဆိတ်အေးချမ်းသော ဝန်းကျင်အငွေ့အသက်နှင့် မျက်စိပသာဒဖြစ်ဖွယ် ပတ်ဝန်းကျင်ရှုခင်းများက လာရောက်သူတိုင်း၏ စိတ်နှင့်ခန္ဓာကို လန်းဆန်းပေါ့ပါးသွားစေမည် ဖြစ်ပါသည်။
စိမ်းလန်းစိုပြည်သော သစ်ပင်ပန်းမန်များ ဝန်းရံထားသည့် ကျယ်ဝန်းသော ပြင်ပထိုင်ခုံဧရိယာ (Outdoor Seating Area) တွင် သဘာဝလေနုအေးကို ရှူရှိုက်ရင်း အရသာရှိသော အစားအစာများကို သုံးဆောင်နိုင်ပါသည်။ အော်ဂဲနစ်စိုက်ခင်းများမှ တိုက်ရိုက်ရရှိသော လတ်ဆတ်သန့်ရှင်းသည့် ပါဝင်ပစ္စည်းများဖြင့် ချက်ချင်းချက်ပြုတ်ပြင်ဆင်ပေးထားသော ဟင်းလျာများက သင့်အပန်းဖြေချိန်ကို ပြီးပြည့်စုံသော အရသာနှင့် ကျန်းမာရေးအကျိုးကျေးဇူးကို ပေးစွမ်းနိုင်ပါသည်။
ထို့အပြင် Landmarks Café တွင် လတ်ဆတ်စွာ ဖျော်စပ်ထားသော ကော်ဖီအရသာမျိုးစုံကို စိတ်ကြိုက်ရွေးချယ် သုံးဆောင်နိုင်သည့်အပြင်၊ ချစ်ခင်ရသူများအတွက် အမှတ်တရလက်ဆောင် (Souvenir) အဖြစ်လည်း ကော်ဖီထုပ်များကို အလွယ်တကူ မှာယူဝယ်ယူနိုင်ပါသည်။ ထို့ကြောင့် ကော်ဖီချစ်သူများနှင့် ခရီးသွားဧည့်သည်တိုင်း မဖြစ်မနေ ဝင်ရောက်သင့်သော အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါသည်။
အမျိုးသားအထိမ်းအမှတ် ဥယျာဉ်သို့ သွားရောက်လည်ပတ်ရာမှာ ပိုမိုစိတ်လှုပ်ရှားပျော်ရွှင်ဖွယ်ကောင်းစေဖို့အတွက် ဒီနေရာလေးကိုလည်း သင့်ရဲ့ ခရီးစဉ်အစီအစဉ်မှာ ထည့်သွင်းဖို့ မမေ့ပါနဲ့ဦး။
လည်ပတ်မည်