အမျိုးသားအထိမ်းအမှတ် ဥယျာဉ်

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်

သဘာဝအလှတရား • အမျိုးသားအမွေအနှစ် • ဗဟုသုတရှာဖွေမှု
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အထူးပြသမှုများ

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်မှ အထူးပြသမှုများ

ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝပတ်ဝန်းကျင်ကို ပိုမိုနီးကပ်စေမည့် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ရှိ ဆွဲဆောင်မှုရှိသော နေရာစုံကို လေ့လာကြည့်ရှုလိုက်ပါ။

ပြည်ထောင်စုရင်ပြင်
ပြည်ထောင်စုရင်ပြင်

ပြည်ထောင်စုရင်ပြင်သည် အမျိုးသားအထိမ်းအမှတ် ဥယျာဉ် စတင်ဖွင့်လှစ်ချိန်ကတည်းက ပါဝင်ခဲ့သော အထင်ကရအဆောက်အအုံတစ်ခုဖြစ်ပြီး ခမ်းနားသော မြန်မာ့ဗိသုကာလက်ရာများ၊ ကျယ်ဝန်းသော အတွင်းခန်းနှင့် စင်မြင့်တို့ဖြင့် ပွဲလမ်းသဘင်များနှင့် တေးဂီတဖျော်ဖြေပွဲများကို ပြီးပြည့်စုံစွာ ကျင်းပနိုင်ရန် ဖန်တီးထားသည့် နေရာတစ်ခုဖြစ်ပါသည်။

Recommended Duration:

ခေတ်မီကလေးကစားကွင်း
ခေတ်မီကလေးကစားကွင်း

အမျိုးသားအထိမ်းအမှတ် ဥယျာဉ် အတွင်းရှိ ခေတ်မီကလေးကစားကွင်း (Amusement Park) သည် ချားရဟတ်၊ ဘမ်ပါကားနှင့် ရိုလာကိုစတာ စသည့် စိတ်လှုပ်ရှားဖွယ် ကစားနည်းများအပြင် လွတ်လပ်စွာ ဆော့ကစားနိုင်သော နေရာများပါဝင်ပြီး မိသားစုဝင်များနှင့် သားငယ်သမီးငယ်များ အတူတကွ ပျော်ရွှင်ကြည်နူးဖွယ် အချိန်များကို ဖြတ်သန်းနိုင်မည့် နေရာတစ်ခု ဖြစ်ပါသည်။

Recommended Duration:

Landmarks Café
Landmarks Café

အမျိုးသားအထိမ်းအမှတ် ဥယျာဉ် အတွင်း လှည့်လည်ကြည့်ရှုပြီးနောက် စိတ်လက်အေးချမ်းစွာ အနားယူနိုင်မည့် Landmarks Café သည် စိမ်းလန်းသော သဘာဝရှုခင်းများနှင့်အတူ လတ်ဆတ်သော အော်ဂဲနစ်အစားအသောက်များ၊ မွှေးကြိုင်သော ကော်ဖီများနှင့် အမှတ်တရလက်ဆောင်အဖြစ် ဝယ်ယူနိုင်သော ကော်ဖီထုပ်များကို ပြည့်စုံစွာ ဝန်ဆောင်မှုပေးနေသော နေရာတစ်ခု ဖြစ်ပါသည်။

Recommended Duration: