လူကြီးမင်းတို့ လာရောက်လည်ပတ်စဉ်အတွင်း အထိမ်းအမှတ်အဆောက်အအုံများ၊ လာရောက်လည်ပတ်သူများနှင့် ဝန်ထမ်းများအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကြည်နူးဖွယ်ကောင်းသော ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် အောက်ပါလမ်းညွှန်ချက်များကို လိုက်နာပေးပါ။
အမျိုးသားအထိမ်းအမှတ် ပုံစံတူပြကွက်များနှင့် လက်ရာမွန်များကို ထိခိုက်ပျက်စီးမှုမရှိစေရန် ဂရုတစိုက် လေးစားတန်ဖိုးထားပါ။
အထိမ်းအမှတ်ပုံစံတူ ပြကွက်များမှတစ်ဆင့် မြန်မာနိုင်ငံ၏ သမိုင်းကြောင်း၊ ရိုးရာယဉ်ကျေးမှုနှင့် ဒေသန္တရဗဟုသုတများကို လေ့လာဆည်းပူးပါ။
ဥယျာဉ်အတွင်းရှိ သစ်ပင်ပန်းမန်များအား မဖျက်ဆီးဘဲ တန်ဖိုးထား ဂရုစိုက်ပါ။
ဥယျာဉ်သန့်ရှင်းရေးအတွက် အမှိုက်များကို အမှိုက်ပုံးများအတွင်းသို့ စွန့်ပစ်ပါ။
အထိမ်းအမှတ် ပုံစံတူပြကွက်များနှင့် လက်ရာမွန်များကို သတ်မှတ်ထားသော စည်းဝိုင်း/အတားအဆီးများ အပြင်ဘက် လုံခြုံစိတ်ချရသည့် နေရာမှသာ ကြည့်ရှုလေ့လာပါ။
ဥယျာဉ်တွင်း သန့်ရှင်းသပ်ရပ်မှုနှင့် လာရောက်လည်ပတ်သူများ၏ အဆင်ပြေလုံခြုံမှုအတွက် အိမ်မွေးတိရစ္ဆာန်များကို ဥယျာဉ်အတွင်း ခေါ်ဆောင်လာခြင်း မပြုရ။
ဥယျာဉ်အတွင်း အသံချဲ့စက်များနှင့် sound box များ ယူဆောင်လာခြင်း မပြုရ။
အထိမ်းအမှတ် ပုံစံတူပြကွက်များ၊ အဆောက်အအုံများနှင့် ပန်းခင်းများပေါ်သို့ တွယ်တက်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း လုံးဝ မပြုလုပ်ရ။
တိရစ္ဆာန်များကို မိမိအလိုအလျောက် လွှတ်ပေးခြင်း မပြုလုပ်ရ။
ဥယျာဉ်အတွင်း ငါးဖမ်းခြင်းနှင့် ရေကူးခြင်းများ မပြုလုပ်ရ။
ဥယျာဉ်အတွင်း မီးမွှေးခြင်းများ မပြုလုပ်ရ။
ဓား၊ သေနတ်၊ လက်နက်ခဲယမ်း စသည့် လက်နက်များကို ဥယျာဉ်အတွင်း ယူဆောင်ခွင့် မပြုပါ။