ယဉ်ကျေးမှုအမွေအနှစ်များ၊ အပန်းဖြေမှုများနှင့် သဘာဝပတ်ဝန်းကျင်ကို ပိုမိုနီးကပ်စေမည့် အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ရှိ ဆွဲဆောင်မှုရှိသော အစီအစဉ်စုံကို လေ့လာကြည့်ရှုလိုက်ပါ။
ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အတွင်းရှိ ၁.၅ ဧက ကျယ်ဝန်းသောသဘာဝသစ်သီးဝလံဥယျာဉ် (Organic Farm) သည် ရာသီအလိုက် ဒေသထွက် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် ပန်းမန်မျိုးစုံကို သဘာဝအတိုင်း စိုက်ပျိုးထားရှိပြီး လက်တွေ့လေ့လာနိုင်သည့် စိတ်ဝင်စားဖွယ် နေရာကောင်းတစ်ခု ဖြစ်ပါသည်။ လာရောက်လည်ပတ်သူများသည် သဘာဝမြေဩဇာသုံး စိုက်ပျိုးနည်းစနစ်များကို လေ့လာနိုင်ရုံသာမက လတ်ဆတ်သော သီးနှံများကို ကိုယ်တိုင်စိတ်ကြိုက် ခူးဆွတ်ဝယ်ယူနိုင်ပြီး ထန်းရွက်မိုး ရိုးရာဝါးတဲလေးများအောက်တွင် အရသာရှိသော အစားအစာများကို စားသုံးရင်း စိတ်အပန်းဖြေနိုင်ပါသည်။
Recommended Duration:
ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အတွင်းရှိ ထင်ရှားကျော်ကြားသော အထိမ်းအမှတ်ပုံစံတူများနှင့် သဘာဝပန်းမန်ရှုခင်းများကို နောက်ခံထား၍ မြန်မာ့ရိုးရာ တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်ကာ အမှတ်တရ ဓာတ်ပုံရိုက်ကူးနိုင်ပါသည်။
Recommended Duration:
ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၏ ကျယ်ဝန်းလှသော ရှုခင်းများနှင့် အထင်ကရပြကွက်များကို အဆင်ပြေသက်သာစွာ လည်ပတ်နိုင်စေရန် အဆင်းအတက် ပြုလုပ်နိုင်သည့် စျေးနှုန်းချိုသာသော အကြိုအပို့ယာဉ် (Shuttle Service) ဝန်ဆောင်မှုကို စီစဉ်ပေးထားပါသည်။
Recommended Duration:
ဒီဇင်ဘာလမှ ဖေဖော်ဝါရီလအတွင်း နှစ်စဉ်ကျင်းပမြဲဖြစ်သော ချယ်ရီပန်းပွဲတော်ကာလတွင် ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အတွင်း ပွင့်လန်းနေသည့် ပန်းရောင်ချယ်ရီပန်းခင်းကြီးများနှင့်အတူ ဆောင်းရာသီအလှတရားကို စိတ်ကြည်နူးဖွယ် ခံစားနိုင်ပါသည်။
Recommended Duration:
သဘာဝတရား၏ အလှတရားများနှင့် ပြည့်စုံသော ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အတွင်း ချစ်ခင်ရသူတို့၏ မင်္ဂလာလက်ထပ်ပွဲများနှင့် အခမ်းအနားများကို လှပခမ်းနားစွာ ကျင်းပပြုလုပ်နိုင်ပါသည်။
Recommended Duration:
အရေးကြီးသော စီးပွားရေးဆွေးနွေးပွဲများ၊ ဆွေးနွေးတိုင်ပင်ပွဲများနှင့် နှစ်ပတ်လည်ဝန်ထမ်းတွေ့ဆုံပွဲများအတွက် သင့်တင့်သောနှုန်းထားနှင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများ ပါဝင်သည့် ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်၏ အစည်းအဝေးခန်းမ ဝန်ဆောင်မှု ဖြစ်ပါသည်။
Recommended Duration: