အမျိုးသားအထိမ်းအမှတ် ဥယျာဉ်

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်

သဘာဝအလှတရား • အမျိုးသားအမွေအနှစ် • ဗဟုသုတရှာဖွေမှု
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

မေးခွန်းများ

မေးလေ့ရှိသော မေးခွန်းများ

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်သို့ လာရောက်လည်ပတ်ရာတွင် သိရှိလိုသော မေးခွန်းများ၏ ဖြေကြားချက်များကို ဖတ်ရှုနိုင်ပါသည်။

ဟုတ်ကဲ့၊ ရှိပါသည်။ ကျွန်ုပ်တို့ ဥယျာဉ်အနေဖြင့် မည်သူမဆို အဆင်ပြေချောမွေ့စွာ လာရောက်လည်ပတ်နိုင်စေရန် လှိုက်လှဲနွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး၊ Wheelchair အသုံးပြုသူများအတွက် အဆင်ပြေစေမည့် အဝင်လမ်းများနှင့် လျှောက်လမ်းများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးထားပါသည်။

ပြည်တွင်း ဧည့်သည်တော်များ - လူကြီး ၁,၀၀၀ ကျပ် ၊ ကလေး ၅၀၀ ကျပ်
ပြည်ပ ဧည့်သည်တော်များ - လူကြီး ၄ ဒေါ်လာ (USD) ၊ ကလေး ၂ ဒေါ်လာ (USD)

လာရောက်လည်ပတ်သူများ အဆင်ပြေစေရန်အတွက် မြန်မာကျပ်ငွေ (MMK) အပြင် အမေရိကန်ဒေါ်လာ (USD) ဖြင့်လည်း ပေးချေနိုင်ပါသည်။

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးကို ကိုယ်စားပြုသော ထင်ရှားကျော်ကြားသည့် အထင်ကရ သမိုင်းဝင်အဆောက်အအုံနှင့် သဘာဝအံ့ဖွယ် ပုံစံတူပြကွက် (၂၂) ခုကို တစ်နေရာတည်းတွင် စုံလင်စွာ လေ့လာကြည့်ရှုနိုင်ခြင်း ဖြစ်ပါသည်။

သီးသန့် ဝင်ကြေးပေးဆောင်ရန် မလိုပါ။ ဥယျာဉ်ဝင်ကြေး လက်မှတ်ဝယ်ယူထားရုံဖြင့် ကစားကွင်းဧရိယာအတွင်းသို့ အခမဲ့ ဝင်ရောက်အပန်းဖြေနိုင်ပါသည်။ (စီးနင်းလိုသည့် ကစားနည်းလက်မှတ်များကိုသာ သီးခြားဝယ်ယူနိုင်ပါသည်)။

မြို့လယ် နာရီစင်အနီးမှတစ်ဆင့် မြင်းလှည်းလေးများ စီးနင်း၍ဖြစ်စေ၊ စက်ဘီးငှားရမ်း၍ဖြစ်စေ ဒေသအငွေ့အသက်ကို ခံစားရင်း လာရောက်နိုင်သလို၊ မော်တော်ကား သို့မဟုတ် တက္ကစီဖြင့် လာရောက်ပါကလည်း (၅) မိနစ်ခန့်သာ ကြာမြင့်မည် ဖြစ်ပါသည်။

ဟုတ်ကဲ့၊ ရှိပါသည်။ ဥယျာဉ်၏ သာယာလှပသော သဘာဝရှုခင်းများနှင့်အတူ အမှတ်တရ ပုံရိပ်ကောင်းများ ရိုက်ကူးနိုင်ရန် နာမည်ကျော် Cherry Photo Studio ဓာတ်ပုံရိုက်ကူးရေး ဝန်ဆောင်မှု ဖွင့်လှစ်ထားရှိပါသည်။

ဟုတ်ကဲ့၊ ရှိပါသည်။ ဥယျာဉ်အတွင်းရှိ Landmarks Café သည် စိတ်အေးချမ်းသာစွာ အနားယူရင်း အရသာရှိသော အစားအသောက်နှင့် အအေးများကို သုံးဆောင်နိုင်သည့် အကောင်းဆုံးနေရာလေး ဖြစ်ပါသည်။

ကြိုတင်ဘိုကင် ပြုလုပ်ရန် မလိုအပ်ပါ။ ဥယျာဉ်သို့ ရောက်ရှိချိန်တွင် တိုက်ရိုက်ငှားရမ်း အသုံးပြုနိုင်ပြီး၊ လူစည်ကားသော ရုံးပိတ်ရက်များတွင်မူ အလှည့်ကျစနစ်အရ အနည်းငယ် စောင့်ဆိုင်းရနိုင်ပါသည်။

နေ့စဉ် နံနက် (၈:၀၀) နာရီမှ ညနေ (၆:၀၀) နာရီအထိ ဖွင့်လှစ်ကြိုဆိုလျက် ရှိပါသည်။

နာမည်ကျော် အမျိုးသားကန်တော်ကြီး ဥယျာဉ်နှင့် ကပ်လျက်တည်ရှိပြီး၊ ပြင်ဦးလွင်မြို့၏ စပျစ်ခြံများနှင့် ကော်ဖီစိုက်ခင်းများသို့လည်း လွယ်ကူစွာ ဆက်လက်သွားရောက် လည်ပတ်နိုင်ပါသည်။

မဟုတ်ပါ။ တစ်နှစ်တာ ရာသီအလိုက် ဒေသမျိုးရင်းနှင့် နိုင်ငံခြားမျိုးစပ် ပန်းမန်မျိုးစေ့များကို အလှည့်ကျ စိုက်ပျိုးထားရှိသောကြောင့် ရာသီအလိုက် အသွင်မတူ ထူးခြားလှပသည့် ပန်းအလှဆင်ပြကွက်များကို အမြဲမပြတ် ခံစားတွေ့မြင်နိုင်မည် ဖြစ်ပါသည်။

သိရှိလိုသည်များ ကျန်ရှိနေသေးပါသလား?

သင်သိလိုသည်များကို အီးမေးလ်မှတစ်ဆင့် ပေးပို့မေးမြန်းနိုင်ပြီး ကျွန်ုပ်တို့ဘက်မှ အမြန်ဆုံး ပြန်လည်ဖြေကြားပေးသွားမည် ဖြစ်ပါသည်။

ဆက်သွယ်ရန်