ပဲခူးတိုင်းဒေသကြီးသည် ဒုတိယမြန်မာနိုင်ငံတော်ကို စတင်တည်ထောင်ခဲ့သော ဟံသာဝတီမင်းဆက်များ စိုးစံရာ သမိုင်းဝင်နယ်မြေကြီးဖြစ်ပြီး၊ မြန်မာ့သမိုင်းတွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည့် တော်ဝင်နန်းတွင်း ယဉ်ကျေးမှုနှင့် ဗိသုကာအမွေအနှစ်များကြောင့် အထူးထင်ရှားကျော်ကြားလှပါသည်။ ဘုရင့်နောင်မင်းတရားကြီး တည်ထောင်ခဲ့သော သမိုင်းဝင် "ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီး" (Kanbawzathardi Golden Palace) သည် ပဲခူးတိုင်းဒေသကြီး၏ အထင်ရှားဆုံး အထိမ်းအမှတ် အဆောက်အအုံဖြစ်ရုံသာမက မြန်မာ့သမိုင်းဝင် စည်းလုံးညီညွတ်မှုနှင့် ခမ်းနားထည်ဝါသော မင်းနေပြည်တော်၏ ဂုဏ်သိက္ခာကို ဖော်ကျူးပြသလျက်ရှိသည့် အမျိုးသားရေးပြယုဂ်တစ်ခု ဖြစ်ပါသည်။
ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်အတွင်းရှိ ကယားပြည်နယ်၊ ရန်ကုန်တိုင်းနှင့် မန္တလေးတိုင်းဒေသကြီး ပြကွက်များအနီးတွင် တည်ရှိသော ပဲခူးတိုင်းဒေသကြီး ပြကွက်၌ ဤခမ်းနားလှသော ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီးကို ၁:၁၈ စကေးအချိုးအစားဖြင့် အနုစိတ် လက်ရာမြောက်စွာ ဖန်တီးပြသထားပါသည်။ မူရင်းအရွယ်အစား အလျား ၈၇.၅ ပေ၊ အနံ ၈၇.၅ ပေနှင့် အမြင့် ၁၅၀ ပေရှိသော နန်းပြာသာဒ်ဆောင်ကြီးကို ပုံစံငယ်တွင် အလျား ၁၁ ပေ၊ အနံ ၁၁ ပေနှင့် အမြင့် ၁၈ ပေတို့ဖြင့် စနစ်တကျ ချိုးဆ တည်ဆောက်ထားပြီး ရွှေရောင်ဝင်းပသော ဘုံပြာသာဒ်များနှင့် ရှေးရိုးရာနန်းတွင်း ဗိသုကာအလှကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။
ဤပြကွက်သည် လာရောက်လည်ပတ်သူများအား ဒုတိယမြန်မာနိုင်ငံတော် ဟံသာဝတီခေတ်၏ ခမ်းနားကြီးကျယ်လှသော တော်ဝင်နန်းတွင်း ဗိသုကာအနုပညာကို ပြင်ဦးလွင်မြို့တွင် တစ်နေရာတည်း အနီးကပ် လေ့လာခံစားခွင့် ပေးစွမ်းထားပါသည်။ အဝေးမှ လာရောက်ကြသည့် ခရီးသွားမိသားစုများ၊ ကျောင်းသားလူငယ်များနှင့် သုတေသီများအတွက် မြန်မာ့သမိုင်းကြောင်းနှင့် ရှေးဟောင်းဗိသုကာ အမွေအနှစ်များကို ဗဟုသုတရရှိစေပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးရန် အလွန်ဆွဲဆောင်မှုရှိသော အဓိကနေရာတစ်ခု ဖြစ်ပါသည်။
စကေးနှင့် အချိုးအစား -
- ကမ္ဘောဇသာဒီ ရွှေနန်းတော်ကြီး - မူရင်းအရွယ်အစား ၈၇.၅ ပေ x ၈၇.၅ ပေ x ၁၅၀ ပေ၊ တည်ဆောက်ထားသည့်အရွယ်အစား ၁၁ ပေ x ၁၁ ပေ x ၁၈ ပေ၊ အချိုးအစား ၁:၁၈