အမျိုးသားအထိမ်းအမှတ် ဥယျာဉ်

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်

သဘာဝအလှတရား • အမျိုးသားအမွေအနှစ် • ဗဟုသုတရှာဖွေမှု
နေ့စဉ် ဖွင့်လှစ်ပါသည် • မနက် ၈ နာရီ မှ ညနေ ၅ နာရီ

အစီအစဉ်များ

ကျောင်းသူ/ကျောင်းသားများဆိုင်ရာ အစီအစဉ် (School Program)

ပြင်ဦးလွင် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သည် မိဘမဲ့ဂေဟာများ၊ မျက်မမြင်ကျောင်းများနှင့် အကူအညီလိုအပ်သော ကလေးငယ်များအတွက် အခမဲ့ဝင်ရောက်လေ့လာခွင့် ပေးထားသည့်အပြင် ကျောင်းများ၊ တက္ကသိုလ်များနှင့် လူငယ်အသင်းအဖွဲ့များအတွက် အထူးသက်သာသော နှုန်းထားများကို စီစဉ်ပေးထားပါသည်။

ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် လူမှုအဖွဲ့အစည်းအသီးသီးကို အထောက်အကူပြုစေရန် ရည်ရွယ်၍ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင် ကျောင်းသူ/ကျောင်းသားများအတွက် အထူးအစီအစဉ်ကို စီမံထားရှိပါသည်။ မိဘမဲ့ဂေဟာများ၊ မျက်မမြင်ကျောင်းများနှင့် အခြေခံလူတန်းစား ကလေးသူငယ်များ စောင့်ရှောက်ရေးကျောင်းများမှ လာရောက်လည်ပတ်သူများအား ဝင်ကြေးအခမဲ့ဖြင့် ကြိုဆိုလျက်ရှိပြီး၊ အခြေခံပညာကျောင်းများ၊ ကောလိပ်၊ တက္ကသိုလ်များနှင့် လူငယ်အသင်းအဖွဲ့များမှ အဖွဲ့လိုက် လာရောက်လေ့လာသူများအတွက် အထူးသက်သာသော ကျောင်းသားနှုန်းထားများကို သတ်မှတ်ပေးထားပါသည်။

ဤအစီအစဉ်သည် ကျောင်းသင်ခန်းစာပါ အကြောင်းအရာများကို ပြင်ပနယ်ပယ်တွင် လက်တွေ့မျက်ဝါးထင်ထင် လေ့လာခွင့်ရရှိစေသည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ပါသည်။ ကျောင်းသားလူငယ်များသည် မြန်မာနိုင်ငံ၏ သမိုင်းဝင် အထင်ကရ အဆောက်အအုံပုံစံငယ်များ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုများ၊ သဘာဝစိုက်ပျိုးရေးခင်းများနှင့် သစ်ပင်ပန်းမန် ဇီဝမျိုးစုံတို့ကို အေးချမ်းသာယာသော သဘာဝပတ်ဝန်းကျင်ထဲတွင် စိတ်လက်ပေါ့ပါးစွာ စုပေါင်းလေ့လာနိုင်မည် ဖြစ်ပါသည်။

ကျောင်းသားအထူးနှုန်းထားဖြင့် လာရောက်လည်ပတ်လိုသော အဖွဲ့အစည်းများသည် စနစ်တကျ ကြိုတင်စီစဉ်နိုင်ရန်အတွက် အနည်းဆုံး (၂) ရက် ကြိုတင်၍ စာရင်းပေးသွင်းရန် လိုအပ်ပါသည်။ အောက်ပါ ဖောင်တွင် အချက်အလက်များ ဖြည့်သွင်း၍ ဘွတ်ကင်ပြုလုပ်နိုင်ပြီး၊ လည်ပတ်မည့်ရက် အတည်ပြုခြင်း၊ အဆောက်အအုံများ ငှားရမ်းအသုံးပြုခြင်း သို့မဟုတ် အခြားစုံစမ်းလိုသည်များ ရှိပါက မိမိတို့ဌာန၏ ဖုန်းနံပါတ် ၀၉-၅၀၄၈၂၀၁ သို့မဟုတ် အီးမေးလ် admin@nationallandmarksgarden.com သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်လိုပါသလား။ သင်၏နေရာကို ကြိုတင်ရယူပြီး ကျွန်ုပ်တို့၏ အမွေအနှစ်ပညာပေးလုပ်ငန်းများနှင့် သဘာဝအခြေပြုခရီးသွား အစီအစဉ်များတွင် တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်လိုက်ပါ။