🎊🎊🎊 ကရင်နှစ်သစ်ကူးနေ့ 🎊🎊🎊 ဒီဇင်ဘာလ (၃၀)ရက် ၂၀၂၄ ခုနှစ်တွင် ကျရောက်သော ကရင်သက္ကရာဇ် (၂၇၆၄)ခုနှစ်၊ ကရင်နှစ်သစ်ကူးနေ့တွင် ကရင် တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်တကွ မြန်မာပြည်သူပြည်သားများအားလုံး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော နှစ်သစ် ဖြစ်ပါစေကြောင်း အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်) မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။ အမျိုးသားအထိမ်းအမှတ်များဥယျာဉ်(ပြင်ဦးလွင်)တွင်လည်း ကရင်ပြည်နယ်၏ အထင်ကရဖြစ်သော ဇွဲကပင်တောင်ကို (၁း၁၈၀) စကေးဖြင့်ပုံစံတူပြုလုပ်ထားရှိပါသည်။ ထို့ပြင် ပြည်နယ်နှင့်တိုင်းအလိုက် ထူးခြားထင်ရှားသည့် အထင်ကရအလှများကို တစ်နေရာတည်းတွင် ပြည်ထောင်စုနယ် သဖွယ် ဆက်စပ်စုစည်းထားသည့်အပြင် ဥယျာဉ်အတွင်း ခရီးသွားဧည့်သည်များ အပန်းဖြေ အနားယူနိုင်ရင် သဘာဝအတိုင်း ထိန်းသိမ်းထားရှိသောကြောင့် အားလပ်ရက်များတွင် ချစ်ခင်ရသူများ နှင့် လာရောက်လည်ပါတ်ရင်း အပန်းဖြေအနားယူနိုင်ဖို့ အမျိုးသားအထိမ်းအမှတ်များဥယျာဉ် (ပြင်ဦးလွင်)မှ ဖိတ်ခေါ်လိုက်ရပါတယ်။ #NationalLandmarksGarden #PyinOoLwin #Myanmar
#KarenNewYear #MountZwegabin
Copyright 2018. All rights reserved.