မိမိတို့အကြောင်း – National Landmark

မိမိတို့အကြောင်း

အမျိုးသားအထိမ်းအမှတ် ဥယျာဉ်သည် ၅၆.၆၇ ဧက ကျယ်ဝန်းပြီး အမျိုးသားကန်တော်ကြီး ဥယျာဉ် (ပြင်ဦးလွင်) အနီးတွင် တည်ရှိပါသည်။ ၂၀၁၄ ခုနှစ် ၊ ဧပြီလတွင် နိုင်ငံတော်အကြီးအကဲ၏ အမျိုးသားကန်တော်ကြီး ဥယျာဉ် ခရီးစဉ်အတွင်း ပြည်နယ်နှင့် တိုင်းအလိုက် ထင်ရှားသည့် အထင်ကရ အဆောက်အအုံများ အထိမ်းအမှတ်နေရာများကို အမျိုးသားအထိမ်းအမှတ်ဥယျာဉ် တခုအဖြစ် ကန်တော်ကြီး ဥယျာဉ် အနီးတွင် တဆက်စပ်တည်း တည်ထောင်ရန် လမ်းညွှန်ချက်အရ အဆောက် အဦး (၂၂)ခု ပါရှိသည့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကို ၂၀၀၆ ခုနှစ်တွင် စတင် ဆောက်လုပ်ခဲ့ပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာ (၁၅) ရက်နေ့တွင် စတင်ဖွင့်လှစ်ပြသနိုင်ခဲ့ပါသည်။

ရည်ရွယ်ချက်

            အမျိုးသားအထိမ်းအမှတ်ဥယျာဉ်သို့ ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ လာရောက်အပန်းဖြေ အနား ယူရာတွင် သဘာဝပတ်ဝန်းကျင်နှင့် အလှအပများအား ရှုမြင်ခံစားခြင်းနှင့်အတူ ပြည်နယ် / တိုင်း အလိုက် ထူးခြား ထင်ရှားသည့် အထင်ကရအလှအပများကို တစ်နေရာတည်းတွင် ပြည်ထောင်စုနယ်သဖွယ် ဆက်စပ်စုစည်း ခံစား နိုင်စေရန် ၊ ပြည်တွင်း/ ပြည်ပ ခရီးသွားဧည့်သည်များအတွက် ဆွဲဆောင်မှုရှိသောအပန်းပြေအနားယူနိုင်သောနေရာ၊ ပညာဗဟုသုတ ဖြန့်ဝေပေးသော အထင်ကရနေရာ တခုဖြစ်လာစေရန် ရည်ရွယ်၍ တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။

Copyright 2018. All rights reserved.