ဥယျာဉ်ဝင်ကြေး လက်မှတ်နှုန်းထား သိလိုပါတယ်။
မြန်မာနိုင်ငံသားများအတွက် လူကြီး (၁၀၀၀)၊ ကလေး (၅၀၀) ကျပ် ဖြစ်ပြီး၊ နိုင်ငံခြားဧည့်သည်များအတွက် လူကြီး (၄) ဒေါ်လာ၊ ကလေး (၂) ဒေါ်လာ ဖြစ်ပါတယ်။ နိုင်ငံခြား ဧည့်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ အပြင် မြန်မာငွေဖြင့်လည်း နှုန်းသင့် ဝယ်ယူနိုင်ပါသည်။
ဥယျာဉ် အတွင်းမှာ ဧည့်သည်များ စိတ်ဝင်စားသည့် နေရာများကို ပြောပြပေးပါ။
ဥယျာဉ်အတွင်းတွင် မြန်မာတစ်နိုင်ငံလုံးတွင် ရှိသည့် ထင်ရှားသည့် အထိမ်းအမှတ်နေရာများကို ပုံစံတူဆောက်လုပ်ပြသထားပြီး ဒေသပန်း အလှများဖြင့် စိုက်ပျိုးပြသထားပါသည်။
ဥယျာဉ်အတွင်း အထိမ်းအမှတ် ပြကွက် မည်မျှရှိသနည်း။
ဥယျာဉ်အတွင်း ပြည်နယ် နှင့် တိုင်း အလိုက် ပြကွက် စုစုပေါင်း (၂၂) ခု ကို ပြသထားပါသည်။
ဥယျာဉ်အတွင်း ထူးခြားသည့် Organic Farm စိုက်ပျိုးပြသထားသည်မှာ ဟုတ်ပါသလား။
ဟုတ်ပါတယ်။ ဓါတုကင်းလွတ် သီးနှံစိုက်ခင်းကို စိုက်ပျိုးပြသထားပြီး အပန်းဖြေ အနားယူနိုင်မည့် လယ်တောအိမ်လေးများလည်း ပါဝင်ပါသည်။
Organic Farm စိုက်ပျိုးပြသထားသည်များကို ဝယ်ယူလို့ ရနိုင်မလား။
ဓါတုကင်းလွတ် သီးနှံများကို ဧည့်သည်များထံ ရောင်းချနိုင်ရန် ဆောင်ရွက်ပြုလုပ်နေပါသည်။ နှစ်ပတ်တစ်ကြိမ် ရောင်းချပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပြုလုပ်နေဆဲ ဖြစ်ပါသည်။
ကလေးကစားကွင်း အတွက် ဝင်ကြေး သက်သက်ပေးရပါသလား။
ဥယျာဉ်ဝင်ကြေးပေးရုံဖြင့် ခေတ်မှီကလေးကစားကွင်း ကို ဝင်ရောက်ကစားနိုင်မည်ဖြစ်ပါသည်။ အထိမ်းအမှတ်ပြကွက်များ ၊ ကလေး ကစားကွင်း နှင့် Organic Farm စသည်တို့ကို ဝင်ကြေးတခု သာ ပေး၍ လည်ပတ်ခွင့်ရရှိမည် ဖြစ်ပါသည်။
ဥယျာဉ်ဝင်ကြေးလက်မှတ်ခတွင် အခြားအဖိုးအခများပါဝင်ပါသလား။
ဥယျာဉ်ဝင်ကြေးအပြင် အခြား အဖိုးအခများ ထပ်မံကောက်ခံခြင်း မရှိပါ။ Buggy ကားငှားရမ်းလိုပါက ထပ်မံငှားရပါမည်။
Buggy စင်းလုံးငှားအပြင် အခြားသော ဝန်ဆောင်မှုရှိပါသလား။
ရှိပါတယ်။ စနေ ၊ တနင်္ဂနွေ နှင့် အစိုးရ ရုံးပိတ်ရက်များတွင် Shuttle Bus ဝန်ဆောင်မှုကို ပြုလုပ်ပေးသွားမှာဖြစ်ပြီး တစ်ဦး တစ်ထောင်ကျပ်ဖြင့် ဥယျာဉ် အနှ့ံ လည်ပတ်ခွင့်ရရှိမှာဖြစ်ပါတယ်။
ဥယျာဉ်ထဲမှာအနားယူရင်စားသောက်လို့ရမည် နေရာရှိပါသလား။
ဥယျာဉ်အတွင်း ဖွင့်လှစ်ထားသည့် ခေတ်မီလှပသော Landmark Cafe' တွင် ရှုခင်းအလှများ ကြည့်ရှုခံစားရင်း အပန်းဖြေ သုံးဆောင်နိုင်ပါသည်။ ထို့အပြင် ပါရှိလာသော အစားသောက်များကိုလည်း Public area များ၌ စုဖွဲ့ အနားယူ သုံးဆောင်နိုင်ပါသည်။ မေတ္တာရပ်ခံလိုသည်မှာ စွန့်ပစ်အမှိုက်များကို အမှိုက်ပုံးများ အတွင်းသို့ စွန့်ပစ်ပေးရန် ဖြစ်ပါသည်။
ဘီးတပ်ကုလားထိုင်ဖြင့် ဝင်လိုရသော ဝင်ပေါက်ရှိပါသလား။
ဥယျာဉ်အတွင်း Car parking အထိ ကားဖြင့် ဝင်လို့ရပါတယ်။ ထိုမှ ဘီးတပ် ကုလားထိုင်ဖြင့် ဥယျာဉ်အတွင်း လှည့်လည်ကြည့်ရှုနိုင်ပါသည်။
အခြားကုမ္ပဏီ အဖွဲ့အစည်းများ၊ အစိုးရ စာသင်ကျောင်းများ၊ ပရဟိတ စာသင်ကျောင်းများ၊ မျက်မမြင် ကျောင်းများ စသဖြင့် အုပ်စုလိုက်ဝင်ချင်ပါက မည်သို့ဆောင်ရွက်ရမည်နည်း။
ဥယျာဉ် အုပ်ချုပ်ရေးမှူးရုံးသို့ ဆက်သွယ်၍ သတ်မှတ်ချက်များအတိုင်း ဝင်းကြေးလျှော့ပေါ့ခံစားခွင့်၊ အခမဲ့ ဝင်ရောက်ခွင့်တို့ကို ရရှိနိုင်ပါသည်။
အပျော်စီးယာဉ် (Buggy) အတွက် Booking ကြိုလုပ်ရန်လိုပါသလား။
မလိုအပ်ပါဘူး၊ ဥယျာဉ်သို့ရောက်မှသာ ငှားစီးနိုင်ပါတယ်။ သို့သော် ဧည့်သည်များသော နေ့ရက်များတွင် အလှည့်ကျ စောင့်ဆိုင်းရနိုင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။
ဥယျာဉ်အနီးအနားမှာဘာစိတ်ဝင်စားစရာနေရာတွေရှိပါသလဲ။
ဥယျာဉ်နှင့် လမ်းတစ်ခုသာခြားသော နေရာတွင် သာယာလှပသည့် အမျိုးသားကန်တော်ကြီးဥယျာဉ် ကို လည်ပတ်နိုင်မှာ ဖြစ်သလို ဥယျာဉ်နှင့် အလှမ်းမဝေးသည့် နေရာများရှိ ထင်းရှူးစိုက်ခင်း၊ ကော်ဖီစိုက်ခင်းများ၊ စပျစ်ခြံများသို့လည်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
ဥယျာဉ် ဖွင့်ချိန်/ ပိတ်ချိန် ပြောပေးပါ။
နံနက် (၈းဝ၀) နာရီမှ ညနေ (၆းဝ၀) နာရီ အထိ ဖြစ်ပါတယ်။
ဥယျာဉ်အတွင်း အလှဓါတ်ပုံ ရိုက်ကူးခြင်း နှင့် Pre-wedding ရိုက်ကူးခြင်း ဝန်ဆောင်မှု ရှိပါသလား။
ရှိပါတယ်။ ပြင်ဦးလွင်၏ လူကြိုက်များသော ချယ်ရီဓါတ်ပုံတိုက်မှ ဝန်ဆောင်မှု ပေးပါသည်။
မြို့တွင်းမှ ဥယျာဉ်သို့ မည်သည့်နည်းလမ်းဖြင့် လာရောက်နိုင်ပါသလဲ။
မြို့တွင်းမှ မြင်းလှည်း၊ အငှားဆိုင်ကယ်တို့ဖြင့် လာရောက်နိုင်ပါတယ်။ မြို့လယ် နာရီစင်မှ မော်တော်ယာဉ်ဖြင့် ဆိုပါက (၅) မိနစ်ခန့်သာ ကြာမြင့်နိုင်ပါတယ်။
ဥယျာဉ်အတွင်း ကလေးများအတွက် ကစားကွင်း ရှိပါသလား။
ရှိပါတယ်။ ဥယျာဉ်အတွင်း ခေတ်မီကလေးကစားကွင်းကို ဖွင့်လှစ်ထားပါတယ်။
ပန်းအမျိုးအစားများမှာ အမြဲတမ်း အတူတူပဲ စိုက်ပျိုးပြသတာလား။
မဟုတ်ပါဘူး။ နွေး၊ မိုး၊ ဆောင်း ရာသီအလိုက် တစ်နှစ်လျှင် သုံးကြိမ်လဲလှယ်၍ပြသလျက် ရှိပါတယ်။
Copyright 2018. All rights reserved.