မန္တလေးတိုင်းဒေသကြီးပြကွက်တွင် မန္တလေးတိုင်းဒေသကြီး၏ အထင်ကရ အထိမ်းအမှတ်များဖြစ်သော မြနန်းစံကျော် ရွှေနန်းတော်၊ ကျုံးနှင့် မြို့ရိုး၊ ပိတ်ချင်းမြောင်လှိုင်ဂူ၊ ပုပ္ပါးတောင်တို့၏ ပုံစံတူအဆောက်အဦများကို ဆောက်လုပ်ပြသထားပါသည်။ မြနန်းစံကျော်ရွှေနန်းတော်၊ ကျုံးနှင့် မြို့ရိုးပြကွက်ကို ၁ : ၅၀ အချိုးဖြင့် အမျိုးသားအထိမ်းအမှတ်ဥယျာဉ်ကြီး၏ အလယ်တွင် ခမ်းနားစွာ ဆောက်လုပ်ပြသထားပြီး ပိတ်ချင်းမြောင်လှိုဏ်ဂူ၏ ပုံစံတူအဆောက်အဦကို ၁ : ၁၀၊ ၁ : ၂၊ ၁ : ၃ အချိုးတို့ဖြင့် ကစားကွင်းအနီးတွင် ပြသထားပါသည်။ပုပ္ပါးတောင် ပုံစံတူအဆောက်အဦကို မူလအမြင့်၏ ၁ : ၁၁၅ အချိုးဖြင့် ကျုံးနှင့် မြို့ရိုး ပြကွက်အနီးတွင် ဆောက်လုပ်ထားပါသည်။
မြနန်းစံကျော် ရွှေနန်းတော်၊ ကျုံး နှင့် မြို့ရိုး
- မူလ ၂၀၈’ ၊
- ဆောက်လုပ် ၂၇’ ၊
- အချိုး ၁ : ၈
- ကျုံး၊ မြို့ရိုး အချိုး ၁ : ၅၀
Copyright 2018. All rights reserved.