ကဆုန်လပြည့် ဗုဒ္ဓနေ့ “ဆု၊ဖွား၊ပွင့်၊စံ ဤလေးတန် မှတ်ရန်ကဆုန်လ” ဗျာဒိတ်ခံယူသောနေ့၊ ဖွားမြင်တော်မူသောနေ့၊ ဘုရားဖြစ်တော်မူသောနေ့၊ ပရိနိဗ္ဗာန်စံတော်မူသောနေ့ တို့ဖြင့် ထူးခြား တိုက်ဆိုက် သောနေ့တစ်နေဖြစ် ပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု အမွှန်းတင် ခေါ်ဆိုကြပါသည်။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။ ကဆုန်လပြည့် ဗုဒ္ဓနေ့ တွင် မြန်မာပြည်သူပြည်သားများ စိတ်၏ချမ်းသာြခင်း၊ ကိုယ်၏ကျန်းမာခြင်းမျာ ပြည့်စုံကြပါစေလို့ အမျိုးသားအထိမ်းအမှတ်များ ဥယျာဉ် (ပြင်ဦးလွင်) မှ တောင်းဆု မေတ္တာပို့သအပ်ပါသည်။ #fullmoondayofKason #NationalLandmarksGarden #PyinOoLwin
#ကဆုန်လပြည့်
Copyright 2018. All rights reserved.