သဘာဝသစ်သီးဝလံဥယျာဉ် – National Landmark

သဘာဝသစ်သီးဝလံဥယျာဉ်

ပြင်ဦးလွင်ဒေသထွက် ဟင်းသီးဟင်းရွက်များ ၊ သစ်သီးများ ၊ နှစ်ရှည်/ နှစ်လတ်ပင်များကို ရာသီအလိုက် စိုက်ပျိုးပြသထားပြီး လာရောက်လည်ပတ်သူများ လေ့လာနိုင်ရန်နှင့် သန့်ရှင်းသောအစားအသောက်များကို ကိုယ်တိုင်ခူးစွတ်ဝယ်ယူနိုင်ရန် ၊ လယ်တောအိမ် လေးများတွင် အပန်းဖြေအနားယူရင်း ဓာတုကင်းလွတ် အစားအသောက်များကို နှစ်သက်စွာ စားသုံးဝယ်ယူနားနေနိုင်မည့် အလှဆုံး နေရာတစ်နေရာ ဖြစ်ပါသည်။ ၁.၅ ဧက ကျယ်ဝန်းသော Organic Farm တွင် တောင်ယာစိုက်ခင်းများကို တွေ့မြင်နိုင်သကဲ့သို့ လှပသော တောင်ယာရှုခင်းများ၊ ယာတောအိမ်ကလေးများနှင့် လှပစွာဓါတ်ပုံရိုက်ကူးနိုင်မည့်အပြင် ဒေသပန်းအလှများကိုလည်း တွေ့မြင်ရနိုင်မည့် နေရာဖြစ်ပါသည်။

Copyright 2018. All rights reserved.